အမှန်တရားအပေါ်မှာ ရပ်တည် ရှင်သန်ပြီး ကိုယ်လုပ်တဲ့ အလုပ် အပေါ် လိပ်ပြာ သန့်နိုင်တယ် ဆိုရင် အာဏာ မရှိတဲ့သူတွေ မှာလည်း စွမ်းအား ရှိတယ်။
Photobucket
Design Ko Pho Htaung

04 June 2012

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်(၅) ဦးဆွီဒင်သွားမည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များသည် ဇွန်လ(၅) ရက်နေ့တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့သို့ ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

ဆွီဒင်နိုင်ငံ SIDA မှဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ အမျိုးသမီး လွှတ်တော်ကိုယ်စား လှယ်များဖြစ်သည့် ဒေါ်စန္ဒာမင်း ၊ဒေါက်တာဒေါ်မေ၀င်းမြင့် ၊ ကလောလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေ၊ မော်လမြိုင်မှ ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ် တို့လိုက်ပါမည် ဖြစ်ကြောင်း သိရသည်။ 

"ကျွန်မတို့ ဆွီဒင် ပါလီမန်ကိုလေ့လာရေး ခရီးသွားမှာ ဖြစ်ပါတယ် ဇွန် ၁၆ ရက်လောက်ကို ပြန်ရောက်မှာ ဖြစ်ပါတယ် " ဟု ယင်းအဖွဲ့တွင် ဦးဆောင်သူ ဒေါ်စန္ဒာမင်းက ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံမှ အပြန် လေယာဉ်ပေါ်တွင် ရန်ကုန်မီဒီယာဂရုပ်၏ မေးမြန်းချက်ကို အထက်ပါအတိုင်းပြန် လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

 သတင်း....  Yangon Media Group

ထိုင်းနိုင်ငံ ခရီးစဉ် အပေါ် ဒေါ်အောင်ဆန်းစုကြည် ကျေနပ်မှုရှိ

(၂၄) နှစ်တာ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံးနိုင်ငံခြားခရီးစဉ်ဖြစ်တဲ့ ထိုင်းနိုင်ငံခရီးစဉ် ပြီးဆုံးသွားပြီးဒီကနေ့ မနက်မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ရန်ကုန်မြို့ကိုပြန်လည် ရောက်ရှိ လာပါတယ်။

ထိုင်းနိုင်ငံမှာ (၆) ရက်ကြာ နေထိုင်စဉ် ကာလအတွင်းထိုင်းအာဏာပိုင်တွေရဲ့အစီအစဉ်နဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ၊နယ်စပ် ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံ နိုင်ခဲ့ပါတယ်။

ထိုင်းခရီးစဉ် တခုလုံးပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က စိတ်ကျေနပ်မှု ရခဲ့တယ်လို့ သူနဲ့အတူ ထိုင်းနိုင်ငံကို လိုက်ပါသွားတဲ့ NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက RFA ကို ပြောပါတယ်။

 
"ကျွန်မတို့ ရာသီဥတုမကောင်းလို့ နဲနဲ နောက်ကျပါတယ်။ ၁၀ နာရီလောက်ရောက်ပါတယ်။ ခရီးစဉ်အပေါ်မှာ ကျွန်မတို့ အားရ ကျေနပ်မှုရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အထူးပဲ ကျေနပ်ပါတယ်။ ဒီထိုင်းအစိုးရ စီစဉ်ပေးတဲ့ ခရီးစဉ်အတိုင်းပဲ ဒီ မယ်လ၊ မဲဆောက် ကို သွားတာပါ။ သူတို့ စီစဉ်ပေးတဲ့အတိုင်းပဲ ဒုက္ခသည်စခန်းကို ၀င်ခဲ့ရတယ်။ သူတို့စီစဉ်ပေးတဲ့သူတွေနဲ့ပဲ တွေ့ခဲ့ရတယ်။ ဒါပေမယ့် ဒီအပေါ်မှာ
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အားရ ကျေနပ်မှုရှိပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်ဟာနော်ဝေနိုင်ငံ ဖြစ်ရမယ် လို့ ပြောကြားခဲ့ဖူးပေမယ့် အခုတော့ ထိုင်းနိုင်ငံ ခရီးစဉ် ပေါ်ပေါက်ခဲ့ရပါတယ်။

ဒီလအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပဖက်ကို ခရီးဆက် ဖို့ရှိပြီး နော်ဝေ၊ ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံတွေကို သွားရောက်မှာ
ဖြစ်ပါတယ်။

သတင်း..  RFA 

ဓာတ်ပုံ...AP

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး အရာရှိ ဦးခွန်သာမြင့်ကို ခရီးစဉ်အပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ ဘီဘီစီက ဇွန် ၃ မှာ ဆက်သွယ် မေးမြန်းထားပါတယ်

03 June 2012

အနှစ် ၂၀ ကျော် အတွင်း ပထမဦးဆုံး ပြည်ပ ခရီးစဉ် မှ ပြန်လာသော ပြည်သူ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ဓာတ်ပုံ မှတ်တမ်း

ဓာတ်ပုံ.... AP

၂၀၁၃မှစပြီး ထိုင်းရောက် မြန်မာ လုပ်သား တွေ ထိုင်းနိုင်ငံသား နည်းတူ လစာရမည်

တရားဝင် မှတ်ပုံတင် ထားသည့် မြန်မာ အလုပ်သမားများ၏ တစ်နေ့ လုပ်အားခ ကို ထိုင်းနိုင်ငံသားများ နည်းတူနှင့် ဘတ် ၃၀ ဖြင့် ဆေးကုသခွင့် အခွင့်အရေး များပေးအပ် သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ် ချလုံယူဘမ် ပရုန်း က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့်မေလ ၃၁ ရက်ကတွေ့ ဆုံစဉ် ပြောကြား ခဲ့သည်။ 

 ထိုင်းနိုင်ငံတွင်း အလုပ် လုပ်ကိုင်လျှက်ရှိသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများ အတွက် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ မှစတင်၍ ထိုင်နိုင်ငံသား များနည်းတူ လုပ်ခလစာ တစ်နေ့လျှင် ဘတ်၃၀၀ ရရှိရန်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ၄င်းကပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင် ထားသည့် မြန်မာရွေ့ပြောင်းလုပ်သား ၈သိန်းကျော်ရှိပြီး မှတ်ပုံ မတင်ရသေး သည့် လုပ်သား ၁ သန်းကျော်ရှိကြောင်း အများစု၏ အခြေခံလုပ်ခလစာမှာ တစ်နေ့ ဘတ် ၆၀ မှ ၁၅၀ ကြားဖြစ်ကြောင်း သိရသည်။

သတင်း...  Popular News

ဆန္ဒပြအလုပ်သမားများအား ကူညီသည့်အဖွဲ့အစည်းအချို့ အမြတ်ထုတ်မှုများ ဖြစ်ပေါ်

ရန်ကုန်မြို့နယ် လှိုင်သာယာစက်ရုံများ၌ စက်ရုံအလုပ်သမားများ ဆန္ဒပြတောင်းဆိုမှုများဖြစ်ပွားခဲ့သည့်အချိန်တွင် ယင်းသို့ ဆန္ဒပြတောင်းဆို သည့် အလုပ်သမားများထက် လာရောက်ကူညီအမြတ်ထုတ်ကြသည့် အဖွဲ့အစည်းမှလူပုဂ္ဂိုလ်များသည် ပို၍များပြားလျက်ရှိကြောင်း ဆန္ဒပြတောင်းဆိုသူ စက်ရုံဝန်ထမ်းတစ်ဦး၏ ပြောပြချက်အရ သိရသည်။ "ကျွန်မတို့ ဆန္ဒပြတောင်းဆိုတဲ့အချိန်မှာ လာပြီး ကူညီကြတဲ့ NLDပါတီက လူတွေလည်း ရှိပါတယ်။ ပြီးတော့ တစ်ခြားအဖွဲ့အစည်းတွေလည်း ရှိတယ်။ 

သူတို့က ထမင်းထုတ်တို့ဘာတို့ ဝေတယ်ပေါ့။ ဒါပေမယ့် တကယ်တမ်း ရဲတွေလာတဲ့အချိန်လည်းကျရော သူတို့တွေက မရှိတော့ဘူး။ နောက်ဆုံး တကယ်ဆန္ဒပြတဲ့ ကျွန်မတို့ပဲကျန်တယ်။ အဲဒီတော့ သူတို့က ကျွန်မတို့ကို ဘာလာလုပ်ပေးတာလဲဆိုတာ ရေရေရာရာမသိဘူး။ ပြီးတော့ သူတို့တွေက အပြင်အဖွဲ့အစည်းတစ်ခုကနေ ပိုက်ဆံယူပြီး ဒီမှာလုပ်ပေးနေတယ်လို့လဲ သိရပါတယ်။ အဲဒီအတွက်လည်း တော်တော်ဝမ်းနည်းမိပါတယ်"ဟု ၎င်းက ဆို သည်။

 လှိုင်သာယာမြို့နယ်မှ စက်ရုံများတွင် တောင်းဆိုဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိပြီး ယင်းသို့ ဆန္ဒပြတောင်းဆိုသည့်လူများအား နိုင်ငံရေးပါတီများ နှင့် အဖွဲ့အစည်းအချို့မှ လာရောက် ကူညီထောက်ပံ့ပေးမှုများရှိသော်လည်း ၎င်းတို့သည် ဆူပူအုံကြွမှုအား ပိုမိုဖြစ်ပေါ်စေချင်သည့်သဘော သက်ရောက် နေကြောင်းနှင့် သက်ဆိုင်ရာရဲများမှ ရောက်ရှိလာကြသောအချိန်၌ ယင်းအဖွဲ့အစည်းများမရှိတော့ဘဲ ဆန္ဒပြတောင်းဆိုသည့် အလုပ်သမားများသာ ကျန်ရှိ ကြောင်း သိရသည်။ "ဘာမှမဖြစ်ခင်ကတော့ လာပြီး ကူညီကြတယ်။ 

ရဲတွေလည်း ရောက်လာရော ဒီအတိုင်းပြန်ထွက်သွားပြီး ဆန္ဒပြတဲ့အလုပ်သမားတွေပဲ ကျန်ခဲ့ တယ်။ သူတို့တွေက ထွက်သွားတော့ ဆန္ဒပြတဲ့အလုပ်သမားတွေ ထမင်းစားဖို့တောင် အဆင်မပြေတော့တဲ့အနေအထားဖြစ်နေတယ်။ ကူညီမယ့်သူတွေ လည်း မလာကြတော့ဘူး။ ကျွန်တော် စုံစမ်းသိရှိသလောက်ဆိုရင် တစ်ချို့အဖွဲ့အစည်းတွေက သူတို့အတွက် ပိုက်ဆံရလို့ လာပြီး လုပ်နေတာလို့လည်း သိရတယ်။ ပြောရမယ်ဆိုရင် ပရောဂျက်လိုပုံစံမျိုးပေါ့"ဟု ယင်းဆန္ဒပြမှုများနှင့် ပတ်သက်၍ သတင်းယူနေသည့် ပြည်တွင်းသတင်းထောက်တစ်ဦးက ဆိုသည်။

 ဇွန်လ ၁ ရက်နေ့မှစတင်၍ တောင်းဆိုဆန္ဒပြနေသည့် စက်ရုံတစ်ချို့အား အာဏာပိုင်အဖွဲ့အစည်းများမှ လာရောက်စောင့်ကြည့်မှုများ ပြုလုပ် လျက်ရှိပြီး နောက်ပိုင်းတွင် ပို၍များပြားလာသည့်အတွက် လာရောက်ကူညီကြသည့် နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းများသည် ဆန္ဒပြမှုအား ပါဝင်လုပ် ဆောင်ကူညီနေရာမှ ရှောင်ထွက်သွားကြသည့်အတွက် စက်ရုံအလုပ်သမားများသည် ကျန်ရှိပြီး ကူညီမယ့်အဖွဲ့အစည်းများမရှိတော့သည့်အတွက် အလုပ်သမားများအတွက် စားနပ်ရိက္ခာအတွက် အခက်အခဲဖြစ်နေကြကြောင်း လှိုင်သာယာမြို့နယ် စက်မှုဇုံ (၁)မှ တော်ဝင်မြန်မာအထည်ချုပ်စက်ရုံမှ စက်ရုံဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

 သတင်း... အလင်းရောင်

ဦးသိန်စိန် ၏ ထိုင်းနိုင်ငံခရီးစဉ် ထပ်မံဖျက်သိမ်း

သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ် ထပ်မံဖျက်သိမ်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇွန်လ ၄ရက်နေ့၌ ထိုင်းနိုင်သို့ သွားရောက်မည်ဟု စီစဉ်ထားသော်လည်း ယင်းသို့သွားရောက်မည့် အစီအစဉ် အား ပယ်ဖျက်လိုက်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ 

 "ဒီလိုမျိုး သွားမည်ဆိုပြီး မသွားဖြစ်တာနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက တိကျတဲ့သတင်း ထုတ်ပြန်တာမျိုးတွေ အကြောင်းပြန်တာမျိုးတွေ မရှိဘူး။ ပြီးခဲ့တဲ့ လကလည်း ကမ္ဘာ့စီးပွားရေးညီလာခံကို ကိုယ်တိုင်သွားမယ်ဆိုပြီး အကြောင်းအမျိုးမျိုးကြောင့် မသွားဖြစ်တော့ဘူးလို့ ပြန်ပြီး သတင်း ထုတ်ပြန်ခဲ့ပါတယ်"ဟု ပြည်ပသတင်းမီဒီယာတစ်ဦး၏ ပြောပြချက်အရ သိရသည်။ ထို့ပြင် ၎င်းသည် ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးညီလာခံ (World Economic Forum) သို့ ကိုယ်တိုင်တက်ရောက်မည် ဟု ယခင်က သတင်းထုတ်ပြန်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မသွားဖြစ်တော့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ၎င်းကိုယ်စား စွမ်းအင် ဝန်ကြီး ဦးသန်းဌေးအား စေလွှတ်ခဲ့ကြောင်း သိရှိရသည်။ 

သတင်း... yangonchronicle

02 June 2012

ယနေ့ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မဲဆောက်မြို့မှတဆင့် ဘဲကလော် ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ သော သတင်း၊ ဓာတ်ပုံ

ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂ ရက်နေ့ နံနက် ကိုးနာရီအချိန်က ဘန်ကောက်မြို့မှ မဲဆောက်မြို့သို့ လေကြောင်းလိုင်းဖြင့် ရောက်ရှိခဲ့ပါသည်။ ထိုမှတစ်ဆင့် ထိုင်း-မြန်မာနယ်စပ်အနီးရှိ မယ်လဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ပြီး စခန်းတာဝန်ရှိသူများ၊ ဒုက္ခသည်များနှင့် တွေ့ဆုံကာ မွန်းလွဲတစ်နာရီ မိနစ်သုံးဆယ်အချိန်တွင် ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာသွားပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မဲဆောက် ခရီးစဉ်၌ မယ်တော်ဆေးခန်းသို့ ၀င်ရောက်ကာ မဲဆောက်မြို့တစ်နေရာ၌ တိုင်းရင်းခေါင်းဆောင်အချို့နှင့် တွေ့ဆုံမည် သတင်းထွက်ပေါ်ခဲ့သော်လည်း ထိုအစီအစဉ် ဖြစ်မြောက်ခဲ့ခြင်း မရှိကြောင်း သိရပါသည်။ ထိုင်းနိုင်ငံသို့ ၄ ရက်ကြာခရီး လာရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဟု သိရပါသည်။ ဓာတ်ပုံ.....AP သတင်း....Eleven Media Group

01 June 2012

World Economic Forum သို့ တက်ရောက်ခဲ့သော မြန်မာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ မြင်ကွင်းပုံရိပ်



ဓာတ်ပုံ.... AP

အမိ မြန်မာ ပြည်အတွက် ကောင်းမြတ်သော မြန်မာပြည် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ မိန့်ခွန်း

မြန်မာပြည် ရဲ့ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ထိုင်းနိုင်ငံ ခရီးစဉ်ဒုတိယနေ့ မြင်းကွင်း သတင်း ပုံရိပ်




ဓာတ်ပုံ..... AP

မြန်မာပြည် ရဲ့ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေပိုင်းအချိန်က မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers သို့ ရောက်ရှိခဲ့ပြီး ပြောကြားခဲ့သော မိန့်ခွန်းအပြည့် အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဒီရုံးကိုလာတဲ့ အကြောင်းကို နည်းနည်းလေး ရှင်းပြပါရစေ။ အဓိက ကတော့ ကျွန်မတို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ယာယီပတ်စ်ပို့ ရဖို့အတွက် ဘယ်လို သွားရတယ်၊ ဘယ်လိုလုပ်ရတယ်။ ဘယ်လောက်ကြာ တယ်၊ ဘယ်လောက်ကျသလဲ၊ ဘယ်လိုအခက်အခဲတွေ ရှိနိုင်သလဲဆိုတာ ဒါကိုလာပြီးတော့ လေ့လာဖို့ ဖြစ်ပါတယ်။

ခုနက (ထိုင်းနိုင်ငံ) ဒုတိယဝန်ကြီးချုပ်နဲ့လည်း တွေ့ခဲ့ပါတယ်။ တွေ့ ရတဲ့ အကြောင်းအရင်းကလည်း ကျွန်မတို့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကို ကောင်းအောင်လို့ ဘယ်လို လုပ်ပေးနိုင်မလဲဆိုတာ ဆွေးနွေး တာပါ။ အဲဒီဆွေးနွေးချက်အရတော့ အတတ်နိုင်ဆုံး ကျွန်မတို့ ရွေ့ပြောင်း အလုပ်သမားတွေအတွက် ပြေလည်ရေးပေါ့။ ဥပမာအားဖြင့်ဆိုရင် သားသမီး တွေကို အမျိုးသားပိုင်ထိုင်းကျောင်းတွေမှာ စာသင်နိုင်ရေး စသဖြင့်ပေါ့နော်။ ဒီဟာ ပြေလည်နိုင်မယ့်ကိစ္စတွေကို လုပ်ပေးပါမယ်လို့ ကျွန်မကို ပြောပါ တယ်။

ကျွန်မအနေနဲ့ အခုချိန်မှာ စိတ်ပူတာက ဘာလဲဆိုတော့ မှတ်ပုံမတင် ထားရတဲ့ ကျွန်မတို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေ ကိစ္စပဲ ဖြစ်ပါတယ်။ မှတ်ပုံတင်ပြီးသား အလုပ်သမားတွေကတော့ ဒီမှာလာပြီးတော့ ပတ်စ်ပို့လုပ် လို့ရတယ်။ ဒါပေမဲ့လည်း ဒီပတ်စ်ပို့လုပ်တဲ့အခါမှာ ဒီကြားကနေပြီးတော့ ကြားပွဲစားတွေ၊ ကြားလူတွေကြောင့်မလို့ မကုန်သင့်တာတွေ မကုန်အောင်လို့ ဒါတွေကိုလည်း ကျွန်မတို့ ဂရုပြုထားပါလို့ ပြောပါရစေ။ နောက်ပြီးတော့ မှတ်ပုံမတင်ရသေးတဲ့ ကျွန်မတို့ရဲ့ အလုပ်သမားတွေ မှတ်ပုံတင်ရေး ကိစ္စ အဲတာတွေကိုလည်း ဆက်လက်ပြီးတော့ ကျွန်မတို့ ထိုင်းအာဏာပိုင်တွေနဲ့ ညှိပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မှတ်ပုံမတင်ရသေး သရွေ့ဆိုလို့ရှိရင် ကျွန်မတို့ရဲ့ အလုပ်သမားတွေရဲ့ ဘဝဟာ အင်မတန်မှ ခက်ခဲတယ်လို့ ကျွန်မနားလည်ပါတယ်။ ဒါကြောင့် မှတ်ပုံတင်ရေး ကိစ္စတွေ ကို ဘယ်လိုအမြန်ဆုံး လုပ်နိုင်မလဲ၊ ဘယ်လိုအပြေလည်ဆုံး လုပ်နိုင်မလဲဆို တာ ကျွန်မတို့ သက်ဆိုင်ရာတာဝန်ခံတွေနဲ့ ဆက်လက်ပြီးတော့ ဆွေးနွေးပါ့ မယ်။ ဒါပေမဲ့ အဓိက ကျွန်မပြောချင်တာကတော့ ကျွန်မတို့ရဲ့ တာဝန်ဟာ ဘာလဲဆိုတာ ကျွန်မတို့ သိပါတယ်။

ကျွန်မတို့ရဲ့ တာဝန်ဟာ ကျွန်မတို့ရဲ့ အလုပ်သမားတွေဟာ ကိုယ့်နိုင်ငံကို ပြန်လာချင်တဲ့ အခါကျလို့ရှိရင် လုံလုံ ခြုံခြုံ စိတ်ချချနဲ့ ပြန်လာနိုင်အောင်လို့ လုပ်ပေးရမယ်ဆိုတာ ကျွန်မတို့ နား လည်ပါတယ်။ လုံလုံခြုံခြုံဆိုတာဟာ ပြန်လာတဲ့အခါကျလို့ရှိရင် မိမိတို့ရဲ့ အသက်မွေး ဝမ်းကျောင်းအတွက် အလုပ်ရရှိနိုင်ရမယ်ဆိုတာကို ဆိုလိုတာပါ။ ကျွန်မက လွယ်လွယ်ကတိတွေ မပေးချင်ပါဘူး။ ကျွန်မတို့က လုပ်ပေးမယ်လို့ လွယ် လွယ်နဲ့ မပြောပါဘူး။ ကျွန်မပြောချင်တာက ဒီကိစ္စကို မျက်ခြေမပြတ် အမြဲ ရှိခဲ့ပါတယ်။ ဆက်ပြီးတော့လည်း ဒီကိစ္စကို အောင်မြင်အောင်လုပ်ပေးသွား မှာပါ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ တစ်ကယ်တော့ ကျွန်မတို့ ပြည်သူတွေ၊ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာပေါ်မှာ တည် ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသားတွေဟာ ကမ္ဘာဘယ်အရပ်မှာမဆို သိက္ခာ ရှိရှိ မနေနိုင်သရွေ့ ကျွန်မတို့နိုင်ငံဟာ သိက္ခာရှိတယ်လို့ ဘယ်လိုမှ မပြော နိုင်ပါဘူး။

ကျွန်မတို့ ကြိုးစားရမယ်။ ကြိုးစားရမယ်ဆိုတာ တစ်ချိန်လုံး ကြိုးစား နေမှ အမြန်ဆုံးဖြစ်မြောက်အောင် ကြိုးစားရမယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အ ခြားနိုင်ငံတွေမှာ ရောက်နေတဲ့ ပြန်လာပြီးတော့ အလုပ်ရနိုင်အောင် လုပ်ဖို့ ဆိုတာဟာ မြန်မြန်ဆန်ဆန်ကြီးတော့ မဖြစ်နိုင်သေးပါဘူး။ မဖြစ်နိုင်သေးတဲ့ အချိန်ကာလမှာ ဒီနိုင်ငံမှာ ရှိနေသေးသရွေ့ကတော့ အတတ်နိုင်ဆုံး အဆင် ပြေအောင်လို့ ကြိုးစားပါ့မယ်လို့ ကျွန်မပြောပါရစေ။ မနေ့ကလည်း မဟာချိုင်ကို လာပြီးတော့ ပြောသွားတယ်နော်။ ကျွန်မ တို့ဟာ ဘာပဲပြောပြော ဧည့်သည်တွေပဲ။ ဧည့်သည်တွေဆိုတော့ ကိုယ်ဟာ ဧည့်သည်ရဲ့ ကျင့်ဝတ်နဲ့ ညီအောင်လို့ နေကြရမယ်။ အဲတာတော့ ကျွန်မက ပြန်ပြီးတော့ သတိပေးပါရစေ။ ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားဟာ ကမ္ဘာ ဘယ်အရပ်ရပ်မှာ ရောက်နေ၊ ရောက်နေ ကျွန်မတို့နိုင်ငံရဲ့ သံတမန်တွေပဲ။ တကယ်တော့ သံရုံးမှာရှိနေတဲ့ ကျွန်မတို့ရဲ့ အရာရှိတွေကပဲ သံတမန်တွေ မဟုတ်ဘူး။ ကျွန်မတို့နိုင်ငံသားအားလုံးဟာ ကျွန်မတို့နိုင်ငံရဲ့ သံတမန်တွေ ဖြစ်တယ်။ အဲဒီတော့ ကိုယ့်ရဲ့ နိုင်ငံရဲ့သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကိုယ်တိုင်ကလည်း သိက္ခာရှိရှိ နေရမယ်။ ကျွန်မတို့အနေနဲ့လည်း ကျွန်မတို့ နိုင်ငံရဲ့ သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကျွန်မတို့နိုင်ငံသားတွေရဲ့ အခွင့် အရေးတွေကို တတ်နိုင်သမျှ ကျွန်မတို့ ကာကွယ်ပေးရမယ်။အဲဒီဟာကိုလည်း ကျွန်မတို့ ကြိုးစားပြီးတော့ လုပ်ဆောင်သွားပါမယ်လို့ ကျွန်မ ပြောပါရစေ။

ကျွန်မအနေနဲ့ (ထိုင်းနိုင်ငံ) ဒုတိယဝန်ကြီးချုပ်ကို ပြောတဲ့အခါမှာ ကျွန် မတို့နိုင်ငံသားတွေ ဒီမှာ အလုပ်လုပ် နေ တဲ့ ရွေ့ပြောင်းအလုပ်သမားတွေဟာ မိမိတို့ရဲ့ ရပိုင်ခွင့်တွေဟာ ဘာလဲဆိုတာ သိအောင်လို့ ကျယ်ကျယ်ပြန့်ပြန့် သိအောင်လို့ လုပ်ပေးပါလို့ ကျွန်မမေတ္တာရပ်ခံခဲ့ပါတယ်။ ဒါမှ ကိုယ့်ရဲ့လုပ် ပိုင်ခွင့်တွေ ကိုယ်သိမှ ဥပဒေအရ ကိုယ့်ကိုကိုယ်ဘယ်လို ကာကွယ်နိုင်မလဲ ဆိုတာကို နားလည်လာမှာပါ။ နောက်တစ်ခုကတော့ ကျွန်မ သတိပေးချင်တာကတော့ ကျွန်မတို့ မြန် မာနိုင်ငံကရောက်လာတဲ့ ရွေ့ပြောင်းအလုပ်သမားတွေနဲ့ တခြား မြန်မာနိုင် ငံသူ၊ နိုင်ငံသားတွေဟာ အချင်းချင်းညီညီညွတ်ညွတ်နေဖို့ ကြိုးစားကြပါ။ အချင်းချင်းညီညွတ်မှ ကျွန်မတို့ အောင်မြင်နိုင်မှာပါ။ တစ်ဦးအပေါ် တစ်ဦး စာနာပါ။ နားလည်မှုပေးပါ။ ကိုယ်ရဲ့ နိုင်ငံနဲ့ပတ်သက်လို့ ကိုယ်ဂုဏ်ယူနိုင် တဲ့ အခြေအနေဖြစ်အောင် ကျွန်မတို့က ကြိုးစားသလို နိုင်ငံကလည်း ကျွန် မတို့ ပြည်သူတွေအတွက် ဂုဏ်ယူနိုင်အောင်လို့ ကျွန်မတို့ ပြည်သူပြည်သား တွေကလည်း ကြိုးစားပေးပါလို့ ကျွန်မမေတ္တာရပ်ခံချင်ပါတယ်။ အခုကျွန်မ ထိုင်းနိုင်ငံကို လာတာကတော့ အစည်းအဝေးတက်ဖို့ လာ တာပေါ့နော်။ အစည်းအဝေးတက်ဖို့လာတာဆိုပေမဲ့ အမှန်ပြောရမယ်ဆိုလို့ ရှိရင် ကျွန်မတို့အတွက် ပိုပြီးတော့ အရေးကြီးတဲ့ ကိစ္စတွေကတော့ ကျွန်မ တို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေနဲ့ ကျွန်မတို့ရဲ့ ဒုက္ခသည်တွေရဲ့ ဘဝ အခြေအနေတွေကို ကျွန်မအနေနဲ့ သုံးသပ်ပြီးတော့ ဘယ်လိုနည်းနဲ့ သက် သာအောင် ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာကို လေ့လာဖို့ ကျွန်မလာတာဖြစ် ပါတယ်။

နှစ်ရက်သုံးရက်အတွင်းမှာတင် အခြေအနေတွေနဲ့ ပတ်သက်လို့ ကျွန် မသိလာတာတွေ ရှိပါတယ်။ ဒီနိုင်ငံက ကျွန်မတို့ ရွေ့ပြောင်းအလုပ်သမား တွေနဲ့ သက်ဆိုင်တဲ့ ဌာနတွေ၊ ဝန်ကြီးဌာနတွေ ကျွန်မတို့ဆက်ပြီးတော့ လုပ် ပါမယ်။ ကျွန်မတို့နိုင်ငံဘက်ကလည်း တတ်နိုင်သမျှ ကျွန်မတို့ရဲ့ ရွေ့ပြောင်း အလုပ်သမားတွေနဲ့ ဒုက္ခသည်တွေရဲ့ ဘဝကို လုံခြုံမှုပေးနိုင်အောင်လို့ ကျွန် မတို့ဆက်ပြီးတော့ ကြိုးစားပါ့မယ်လို့ ပြောပါရစေ။

ကြိုးစားပါ့မယ်လို့ ပြော လို့ တစ်ချို့တွေက အားရချင်မှ အားရမှာ။ အခုချက်ချင်းလက်ငင်း လုပ်ပေး စေချင်တဲ့သူတွေ ရှိမှာပဲ။ ဒါပေမဲ့လည်း ကျွန်မက ကတိတွေပေးပြီးတော့ ကျွန်မတို့ ပြည်သူတွေကို မလှည့်ဖျားချင်ပါဘူး။ အဲတာကြောင့်မို့လို့ အိမ် ပြန်ချင်တယ်လို့ ပြောတဲ့သူတိုင်းကို ပြောပါရစေ။ ကျွန်မတို့ ပြည်သူတွေရဲ့ အိမ်ဟာ ဘယ်တော့မှ ပြောင်းရွေ့သွားမှာ မဟုတ်ပါဘူး။ အဲဒီအိမ်ဟာ ကျွန်မ တို့ ပြည်သူတွေ နေထိုက်တဲ့အိမ်ဖြစ်အောင်လို့ အမြန်ဆုံးကြိုးစားပါ့မယ်လို့ ပြောပါရစေ။ အားလုံးကျန်းမာချမ်းသာကြပါစေ။

မြို့ကြီးသုံးမြို့တွင် Stock Exchange ပေါ်ပေါက်ရေး ဂျပန်နိုင်ငံနှင့် လက်မှတ်ရေးထိုး

မြန်မာနိုင်ငံ၏ မြို့ကြီးသုံးမြို့ဖြစ်သည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် Stock Exchange Data Center များ ပေါ်ပေါက်ရေးအတွက် ၂၀၁၂ မေလ ၂၉ ရက်နေ့တွင် နေပြည်တော်ရှိ အမရာပိာုတယ်၌ ဂျပန်နိုင်ငံ တိုကျို စတော့အိတ်ချိန်း၊ Diawai Institute of Research Ltd နှင့် မြန်မာ နိုင်ငံတော်ဗပိာုဘဏ်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း Bi-Weekly Eleven ဂျာနယ်၏ ဖော်ပြချက်အရ သိရှိရသည်။ 

 လာမည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် စတော့အိတ်ချိန်းများ တည်ထောင်နိုင်ရန် ပြင်ဆင်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း အရင်းအနှီးဈေးကွက်များ ဖြစ်ထွန်းနိုင်စေရန် ပြည်ပနိုင်ငံများနှင့် ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “မြန်မာနိုင်ငံရဲ့ စီးပွားရေးကို အခု ထူထောင်မယ့် Stock အိတ်ချိန်းက အထောက်အကူဖြစ်စေမှာပါ။ ပြည်တွင်းမှာက ဈေးကွက်ရှိတယ်။ ဒီဈေး ကွက်မှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ပြည်ပနိုင်ငံတွေကလာမယ်။ 

ဒီလိုလာပြီဆိုရင် အရင်းအနှီးဈေးကွက်တွေ ရနိုင်ဖို့အတွက် Stock အိတ်ချိန်းတွေ ထူထောင် ရတော့မှာပါ”ပာု ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ မြန်မာနိုင်ငံတွင် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် မြန်မာနိုင်ငံ အား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံနှင့် အီးယူနိုင်ငံတို့မှ ဖြေလျော့မှုများ ပြုလုပ်ပေးပြီးနောက် ပြည် ပရင်းနှီးမြှုပ်နှံမှုများ တရှိန်ထိုး ဝင်ရောက်လာခဲ့သည့်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေမည့် စတော့အိတ်ချိန်း တည် ထောင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ 

သတင်း... Bi Weekly

ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ ရပ်နားရန် ညွှန်ကြားမှုကြောင့် ကျောက်တူးသမား သိန်းချီ ဒုက္ခရောက်

မကြာသေးမီကာလအတွင်းက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းအားလုံးကို ရပ်နားရန် သတ္တုတွင်း ဝန်ကြီးဌာနမှ ညွှန်ကြားခဲ့သည့်အတွက် ယင်းဒေသရှိ ကျောက်စိမ်းတူးဖော်သည့် လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ကျောက်တူးသမား သိန်းချီ ဒုက္ခရောက်နေရကြောင်း ယင်းမြို့နယ်၌ ကျောက်တူးလုပ်ငန်း၌ ဝင်ရောက်လုပ်ကိုင်နေသည့် သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ “အခု ဖားကန့်က ကျောက်တူးဖော်တဲ့ ကုမ္ပဏီတွေကို ရပ်နားရမယ်ဆိုပြီး သတ္တုတွင်းက ညွန်ကြားချက် ထုတ်ပြန်ထားပါတယ်။ 

ဒီလိုဆိုတော့ အဲ့ဒီ မှာ လုပ်ကိုင်နေတဲ့ ကျောက်တူးအလုပ်သမား သိန်းချီပြီး အခက်အခဲဖြစ်လာတာပေါ့။ ပြီးတော့ ရေမဆေး ကျောက်သမားတွေကလည်း အထဲကို လုပ်ကွက် ဝင်ရှာတဲ့အခါမှ ကုမ္ပဏီကလူတွေနဲ့ ပြဿနာ တက်နေကြတယ်”ပာု ၎င်းက ပြောကြားသည်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီလုပ်ငန်းခွင်များအနေဖြင့် ဇွန်လမှ အောက်တိုဘာလအထိ လုပ်ငန်း များအားရပ်နားထားရန် သတ္တုတွင်းဝန်ကြီးဌာနမှ ညွန်ကြားခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းခွင်ရပ်နားမှုကြောင့် ဒုက္ခရောက်လျက်ရှိသည့် ကျောက်တူးသမားများအား သက်ဆိုင်ရာမှမိမိနေရပ်သို့ပြန်ကြရန် ပြောကြားခဲ့ကြောင်း မှော်စီစာကျေးရွာရှိ ဒေသခံတစ်ဦးက ပြောကြားသည်။

 “ဒီမှာလည်း လုပ်စရာမရှိတော့တဲ့အတွက် ဖားကန့်အိမ်ထောင်စုတွေက မပာုတ်ဘူးဆိုရင် ကိုယ့်နေရပ်ကိုပြန်ကြဖို့ ရပ်ကွက်လူကြီးက ပြောပါ တယ်။ အရင်က ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေရပ်နားတယ်ဆိုရင် စွန့်ပစ်မြေတွေမှာ ရွှေမျောတိုက်တာကို လုပ်လို့ရသေးတယ်။ ခုကျတော့ ကျောက်စိမ်းရှာဖွေတာကော၊ ရွေမျှောတိုက်တာတွေကိုပါ လုပ်ကိုင်ခွင့်မရရှိတော့ ကျောက်စိမ်းရှာတဲ့သူတွေ၊ ရွှေရှာတဲ့သူတွေ သိန်းချီပြီး ဒုက္ခရောက်နေရပါ တယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။ 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သည် ကမ္ဘာပေါ်တွင် အဖိုးတန်ကျောက်စိမ်း အမြောက်အများ ထွက်ရှိရာ တစ်ခုတည်းသော ဒေသတစ်ခုဖြစ်ပြီး ယခုကဲ့သို့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများအား ရပ်နားရန် သတ္တုတွင်းဝန်ကြီးဌာနမှ ညွှန်ကြားခဲ့သည့်အတွက် နိုင်ငံတော်၏ ဘဏ္ဍာဝင်ငွေကိုလည်း ထိခိုက်လာနိုင်မည်ဖြစ်သည်။

 သတင်း.... yangonchronicle

ဆန္ဒထုတ်ဖော်မှုများတွင် ပါဝင်သည့် နိုင်ငံရေးပါတီငါးခုအား ကော်မရှင်မှ ခေါ်ယူတွေ့ဆုံ

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသည့် အလုပ်ရှင်၊ အလုပ်သမားပြဿနာများ၊ လယ်သမားကိစ္စရပ်များနှင့် လျှပ်စစ်မီး အပြည့်အဝရရှိနိုင်ရေးအ တွက် ပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများတွင် ပါဝင်ကူညီပတ်သက်ခဲ့သည့် နိုင်ငံရေးပါတီငါးခုအား ၂၀၁၂ မေလ ၂၉ ရက်နေ့တွင် ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်မှ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

“ဒီရက်ပိုင်းတွင်းမှာ ဖြစ်ပွားနေတဲ့ အလုပ်သမားကိစ္စ၊ လယ်သမားကိစ္စနဲ့ လျှပ်စစ်မီးကိစ္စတွေမှာ နိုင်ငံရေးပါတီတွေ ပါဝင်ပတ်သက်နေတယ်ဆိုပြီး ဝန်ကြီးဌာနတွေက တင်ပြလာပါတယ်။ ဒါကြောင့် ဆန္ဒထုတ်ဖော်ပွဲတွေမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံရေးပါတီ ငါးပါတီကို ဖိတ်ကြားပြီးတော့ ခေါ်ယူတွေ့ ဆုံခဲ့တာပါ”ပာု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဆန္ဒထုတ်ဖော်မှုများတွင် ပါဝင်ပတ်သက်သည့် ပါတီငါးခု တွေ့ဆုံပွဲသို့ အလုပ်သမားဝန်ကြီးဌာနမှ တာ ဝန်ရှိသူများ၊ အမှတ်(၂)လျှပ်စစ်ဝန်ကြီးဌာနတို့မှ ဒုဝန်ကြီးအပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ၎င်းတို့မှ ဆန္ဒထုတ်ဖော်မှုများအတွက် ဖြစ်နိုင်ခြေရှိ သည်များကိုသာ တောင်းဆိုရန်နှင့် မဖြစ်နိုင်သည်များကို တောင်းဆိုပါက နိုင်ငံတော်အတွက် အကျပ်အတည်းဖြစ်စေနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
“နိုင်ငံရေးပါတီတွေကို ဖိတ်ရတဲ့အကြာင်းက အလုပ်ရှင်၊ အလုပ်သမားကိစ္စတို့ မီးကိစ္စတို့မှာ နိုင်ငံရေးပါတီတွေအနေနဲ့ ပါဝင်ပတ်သက်နေတာနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနတွေက တ်ပြလာလို့ပါတဲ့။ အခု လတ်တလော ဆန္ဒပြနေတဲ့ကိစ္စတွေမှာ နိုင်ငံရေးပါတီတွေအနေနဲ့ ဖြစ်နိုင်၊ မဖြစ်နိုင်၏ ဆိုတာကို စဉ်းစားဆောင်ရွက်ဖို့ပြောတာပါ။ မဖြစ်နိုင်တာကို ဇွတ်တွန်းအားပေးမယ်ဆိုရင်လည်း နိုင်ငံတော်အတွက် အကျပ်အတည်းဖြစ်စေနိုင်တယ်ဆို စဉ်းစားဖို့လို သလို တစ်ဖက်မှာကျတော့လည်း အလုပ်သမားတွေအတွက် စဉ်းစားဖို့လိုတယ်”ပာု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးစိုးဝင်းက ပြောကြားခဲ့ ကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် မြန်မာပို့စ်ဂလိုဘယ်ဂျာနယ်တွင် ဖော်ပြပါရှိသည်။
ပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများတွင် ပါဝင်ပတ်သက်ခဲ့သည့်အတွက် ကော်မရှင်မှ ခေါ်ယူတွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီငါးခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ၈၈မျိုးဆက်ကျောင်းသားလူငယ် များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီတို့ဖြစ်ကြောင်း သိရသည်။


သတင်း...မြန်မာပို့စ်ဂလိုဘယ်